Friday, November 12, 2010

Gmail အသုံးပြုနည်းစာအုပ်

သူငယ်ချင်းတွေညီအစ်ကိုမောင်နှမတွေလိုအပ်မယ်ထင်လို့ ဒီ post ကိုတင်လိုက်တာပါ...
ကျွန်တော်ရေးထားတာတော့မဟုတ်ဘူးဗျ... အခြားဆိုဒ်တစ်ခုကနေတွေ့တာနဲ့သူငယ်ချင်းတွေလိုအပ်မယ်ထင်လို့တင်လိုက်တာပါ...
PDF file ဆိုတော့ Adobe reader တော့လိုမယ်ဗျ...များသောအားဖြင့်တော့ရှိကြမှာပါ..
မရှိရင် (ဒီမှာသွားယူပါ)
Gmail အသုံးပြုနည်းစာအုပ်ကတော့ (ဒီမှာယူပါ)

Folder background ပြောင်းကြရအောင်

ကျွန်တော် Folder တွေကို Background တွေကို မိမိစိတ်ကြိုက် color အရောင်လေးနဲ့ ထားချင်လို့ဘဲ ဖြစ်ဖြစ် ပုံလှလှလေးတွေကို နောက်ခံထားချင်လို့ဘဲဖြစ်ဖြစ် အသုံးပြု ချင်တယ်ဆိုရင် သုံးလို့ ရအောင် ကျွန်တော်တင်ပြပေးလိုက်တာပါ။ကျွန်တော်လည် အမှတ်မထင်ရလိုက်တာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကတော့ မိမိကွန်ပျူတာထဲမှာ ရှိတဲ့ folder နောက်ခံ Background လေးကို မိမိချစ်သူ ပုံလေးထည့်ချင်ထည့် လို့ရပါတယ် ။ နောက်ပြီးတော့ icon ပုံစံအမျိုးမျိုးလည်း ပြောင်းလို့ရပါတယ် ။ထပ်ပြီးတော့ icon ရေးထားတဲ့ စာသား ကို လည်း အရောင်နဲ့ပြောင်းလို့ ရပါတယ် ။အသုံးပြုနည်းကို အသေးစိတ် တော့ မရှင်းပြတော့ပါဘူးခင်ဗျာ။ဘာမှခက် ခက် ခဲခဲ မရှိပါဘူး။( ကျွန်တော် နှစ်မျိုးတင်ပေးထားပါတယ်။ တစ်မျိုးကိုတော့ နည်းနည်းပြောပြပါမယ်။ နောက်တစ်မျိုးတော့ ကိုယ်ကိုယ်တိုင်းတာ စမ်းကြည့်လိုက်ပါ.)


Download
wpxp 101.rar (1.92 MB)
wpxp 201b2.rar (4.1 MB)

ဆော့ဝဲ run နည်းကိုတော့ မရှင်းပြတော့ပါဘူးခင်ဗျာ ။ run ပြီးတဲ့ အခါကြရင်အောက်က ပုံစံအတိုင်းထွက်လာပါလိမ့်မယ်ခင်ဗျာ ။အဲဒီမှာ select folder ဆိုတဲ့ နေရာကနေ မိမိပြောင်းမဲ့ folder လေးကိုရွေးပေးပါခင်ဗျာ ။ နောက်ခံထားမဲ့ ပုံကိုတော့ change image ကနေပြောင်းပေးပါခင်ဗျာ။ icon မှာရေးတဲ့ စာသားလေးတွေကို အရောင်ပြောင်းချင်တယ်
ဆိုရင်တော့ change text color ကနေ ပြောင်းပေးပါခင်ဗျာ ။နောက်ခံအရောင်းဘဲ ထားချင်တယ်ဆိုရင်တော့ chain color မှာ မိမိစိတ်ကြိုက် အရောင်လေးတွေ ရွေးချယ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။

Gtalk မှ Function များ၏အလုပ်လုပ်ပုံ

Gtalk မှာ ပါတဲ့ address name ကို Right click ပေးသောအခါ တွေ့ရသော second part မှ Function များ၏အလုပ်လုပ်ပုံ
1. set as my picture …..မိမိ right click ပေးသော အကောင့်မှ picture ကို မိမိ gtalk ပုံသို့ ကူးယူရာတွင် အသုံးပြုသည်။
2. view past chats….. မိမိ right click ပေးသော အကောင့်နှင့် အတူတကွ chat ထားသော အကြောင်းအရာများကို ပြန်ကြည့်ရာတွင် အသုံးပြုသည်။
3. Rename သည် မိမိအလွယ်တကူပြန်လည်သိနိုင်ရန် နာမည်ပြောင်းထားရာတွင် အသုံးပြုသည်။
4. Block သည် မိမိ မနှစ်သက်သော အကောင့်ကို ဖြုတ်ထုတ်သတ်လုပ်ရာတွင် အသုံးပြုသည်။


(က)မိမိက block ပေးသော်လည်း တစ်ဖတ်လူက သူ့အကောင့်ထဲတွင် မိမိ အကောင့်ရှိနေအုံးမှာ ဖြစ်သည်။ (မှတ်ချက်။ ။ မိမိအား block ပေးမပေးကို သိနိုင်ရန် သိခြားဖေါ်ပြထားပါသည်။)

(ခ )မိမိတွင်လည်း gtalk မှ setting ထဲတွင် blocked function တွင့် ကျန်ရှိနေပါဦးမည်။ ပြန်လည် add ချင်က unblock ကို click ပြီး ok ကို နှိပ်ပါ။ ဒါဆိုရင်တော့ ပြန်လည် add ပြီးသားဖြစ်သွားပါသည်။

( ဂ) လုံးဝ အဆက်အသွယ်မလုပ်ဘူးဆုံးဖြတ်ပြီးလျှင်တော့ gmail ထဲက contacts ကို click ပါ ။
Add to this group ထဲမှ မိမိ ဖျက်ချင်သော account name ကို click ပါ။ ပြီးရင်ညာဘက်ထိပ်က
Delete contact ကို click ပေးက လုံးဝ ဖျက်ပြီးသားဖြစ်သွားပါမည်။
(မှတ်ချက်။။။။။။ block အရင်ပေးထားက ပြန်ပြီးမှ unblock လုပ်ပြီး delete လုပ်နိုင်ပါသည်။)
5. Remove သည် မိမိက remove ပေးပါက မိမိက စပြီး ခေါ်ဆိုနိုင်မည်မဟုတ်တော့ပေ တဖက်သူငယ်ချင်းကတော့ ခေါ်ဆိုနိုင်ပါသည်။(ဖြစ်နိုင်ရင်တော့ Remove မပေးသင့်ပါ။)

Gtalk မှာသူငယ်ချင်းတွေကိုကိုယ်ဘာသီချင်းနားထောင်လဲပြရအောင်

ကိုယ်ဖွင့်ထားတဲ့ သီချင်းလေးတွေ ကို သူငယ်ချင်းတွေ သိအောင်ပြရအောင်
ကိုဘာသီချင်းတွေနားထောင်နေတယ်ဆိုတာ ကိုသူငယ်ချင်းတွေ သိအောင်ပြချင်ရင်တော့
Windowmedia player ကိုသုံးရပါမယ်ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း windowmedia player နဲ့ဖွင့်ထားတဲ့ သီချင်းဘောက်စ်ပေါ်မှာ Right click ထောက်လိုက်ပါ …နောက် plug –in ကနေ options ကိုကလစ်လိုက်ပါ။
Options box ကျလာပါမယ် ..အဲဒီထဲက plug –in tab အောက်မှာရှိတဲ့ background ကိုကလစ်လိုက်ပါ။
ပြီးရင်ပုံမှာပြထားတဲ့အတိုင်း google talk music plug-in မှာ မှန်ခြစ်လေးပေးလိုက်ပါ …













နောက်တစ်ပိုင်း အနေနဲ့ မိမိဖွင့်ထားတဲ့ gtalk က setting ကိုဝင်လိုက်ပါ ..


Notification ကိုclick ပါ ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း play song မှာအမှန်ခြစ်လေးပေးလိုက်ပါ

ပြီးရင် Gtalk sign out လုပ်တဲ့နေရာလေးမှ show current music track မှာ အမှန်ခြစ်လေး ထပ်ပေးလိုက်ပါ..
အဲဒါဆိုရင် အိုကေသွားပါပြီ ။

Gtalk အတွက် Shortcuts များ

CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းလဲလိုလျှင်အသုံးပြုနိုင်သည်။ chat ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F11 နှိပ်ပါ။ မိမိနဲ့chat နေတဲ့သူရဲ့မေးလ်ကိုဖွင့်ချင်ရင် F9 ကိုနှိပ်ပါ။
• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
• Chat ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။Chat window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
• ပြောနေတဲ့ Chat box တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။
• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက် 32767 လုံးအထိရိုက်နိုင်ပါသည်။
• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။

• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။ဥပမာ။ ။ ¬_great_ ဆိုရင် great လို့ပေါ်လာပါလိမ့်မည်။
• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
• Gtalk မှာ အောက်မှာပြထားတဲ့ အတိုင်း ပုံလေးတွေ ရိုက်ထည့်ချင်ရင် ဒီ shortcut key လေးတွေ သုံးပါ
• ☺ လေး ပေါ်ချင်ရင် Alt+1
• ☻ လေးပေါ်ချင်ရင် Alt+2
• ♥ လေးပေါ်ချင်ရင် Alt+3
• ♦ လေးပေါ်ချင်ရင် Alt+4
• ♣ လေးပေါ်ချင်ရင် Alt+5
• ♠ လေးပေါ်ချင်ရင် Alt+6
• • လေးပေါ်ချင်ရင် Alt+7
• ◘ လေးပေါ်ချင်ရင် Alt+8
• ○ လေးပေါ်ချင်ရင် Alt+9 ကိုနှိပ်ပါ ။
• မှတ်ချက် (ကီးဘုတ် က အင်္ဂလိပ်ဖောင့် ကိုချိန်းထားမှပေါ်မှာပါ ..မြန်မာစာရိုက်နေရင်းတော့ပေါ်မှာမဟုတ်ပါဘူး ..နောက်ပြီးတော့ 1.2.3.4.5.6.7.8.9 တွေကကီးဘုတ်ညာဘက်ခြမ်းမှာရှိတဲ့ numberkey တွေနဲ့မှပေါ်မှာပါ).. ပုံကိုကြည့်ပါ။

Gtalk password ပြောင်းချင်ရင်

တစ်ချို့လူတွေက Gtalk နဲ့ Gmail ကိုသတ်သတ်စီထင်နေကြတာဗျ။
တကယ်တော မဟုတ်ပါဘူး... သူကအတူတူပါပဲ... Gtalk မှာ password ပြောင်းရင် Gmail မှာလဲပြောင်းသွားမှာပါ.. Gtalk နှင့် Gmail နှစ်ခုစလုံးကနေ password ကပြောင်းလို့ရပါတယ်...
Gmail ကနေပြောင်းတာကတော့ ဖော်ပြပြီးဖြစ်လို့ ယခု Gtalk မှာပြောင်းတာကို တင်ပေးပါ့မယ်။
Gtalk ကို sign in လုပ်လိုက်ပါ.. ပြီးတော့ setting> general> Account setting ပြီးတာနဲ့ Profile တစ်ခုကျလာပါမယ်။ အဲ့ဒီမှာ Securityဘေးက change password ကိုဝင်ပြီးတော့ Current password or your security question မှာ ယခုသုံးနေတဲ့ password (သို့) မေ့နေရင် security question ဖြေလဲရပါတယ်။
နောက် new password မှာတော့ password အသစ်ပေါ့။ confirm new password မှာ password အသစ်ကိုပဲတစ်ဖန်ပြန်ထည့်ပေးပါ။ ပြီးရင် Save changes ကိုနှိပ်လိုက်ပါ။ Gmail နဲ့ပြောင်းပုံပြောင်းနည်းချင်းတူပါတယ်... နှစ်ခုလုံးကနေပြောင်း၍ရကြောင်းသိရှိပြီး ပြောင်းတတ်စေရန်ရည်ရွယ်ပါတယ်>>>>

Gmail ကို browser တစ်ခုတည်းမှာ အကောင့် အများကြီးသုံးရအောင်


ကျနော်တို့ G-mail account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးဖို့

လိုအပ်လာတဲ့အခါ Browser တစ်ခုချင်းစီမှာ လိုက်ဖွင့်ခဲ့ကြရပါတယ်။

ဥပမာ- Mozilla မှာ တစ်ခု၊ IE မှာတစ်ခု၊ Chrome မှာတစ်ခု .....အဲဒီလို။


အခုတော့ ...ကျနော်တို့တွေ Browser တစ်ခုတည်းမှာပဲ G-mail Account တွေကို

တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးလို့ရပါပြီ ။ ကျနော်တို့ G-mail Inbox setting

လေးကို နည်းနည်းပြင်လိုက်ရုံသာ..။

(၁) ပထမဆုံး ...ကျနော်တို့ရဲ့ ပုံမှန်သုံးနေကျ G-mail account ကို ဖွင့်ထားလိုက်ပါ။

     G-mail Inbox ထဲကို ရောက်ပါပြီ။

(၂)Inbox ရဲ့ညာဖက်အပေါ်ထောင့်က setting ကိုနှိပ်ပါ။


(၃)ပွင့်ကျလာတဲ့အထဲက Accounts and Import ကိုနှိပ်။

     ပြီးရင် Google account  setting ကိုနှိပ်။


(၄)ထပ်ပြီးပေါ်လာတဲ့အထဲက Personal setting ခေါင်းစဉ်အောက်မှာရှိတဲ့

      Multiple sign in ဆိုတဲ့နေရာက Edit ကိုနှိပ်ပါ။


(၅)ပွင့်ကျလာတဲ့အထဲက on use ဆိုတဲ့ radio button အ၀ိုင်းလေးကို နှိပ်ပါ။

    လေးထောင့်ကွက်များအားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင် save ကိုနှိပ်ပါ။


အဲဒီအဆင့်တွေပြီးသွားရင် ကျနော်တို့ရဲ့ သုံးနေကျ (မူလကဖွင့်ထားတဲ့မေးလ်) ကို retry

ပြန်နှိပ်ကြည့်လိုက်ပါ။(သို့) ကီးဘုတ်ပေါ်က F5 ကီးကိုနှိပ်ပေးပါ။ Loading

ပြီးအောင်စောင့်ကြည့်လိုက်တဲ့အခါမှာ မိမိရဲ့ G-mail Address ရဲ့ ဘေးမှာ

Down Arrow လေးတစ်ခုပါနေတာကိုတွေ့ရပါမယ်။


 အဲဒီနေရာလေးကိုနှိပ်ပြီး ဖွင့်ချလိုက်ရင် အောက်ကပုံမှာပြထားသလိုလေး

ပွင့်ကျလာပါလိမ့်မယ်။


ဒီတော့မှ အပေါ်ကပုံမှာ အ၀ါရောင်မြားနဲ့ပြထားတဲ့နေရာက sign in to another

account ဆိုတာလေးကိုနှိပ်ပြီး နောက်ထပ် Account တွေကို လိုသလောက် Sign in

ဝင်ပြီးဖွင့်ထားလို့ရပါပြီ။


ကဲ ...အခု ကျနော်တို့တွေ Browser တစ်ခုတည်းမှာ Account

တွေကို တစ်ခုမက အပြိုင်ဖွင့်ထားလို့ရပါပြီ ။


ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ....သိထားတာလေးမျှဝေတဲ့သဘောပါပဲ။

အားလုံးအဆင်ပြေကြပါစေ

Kaspersky antivirus အကြောင်း




 နာမည်ကြီး Anti-virus တစ်မျိုးပဲဖြစ်တယ်။
virus တော်တော်များများကိုရှာနိုင်တဲ့ software လဲဖြစ်တယ်။
ဆိုရရင်တော့ နာမည်ကြီးဆိုကတည်းက ကောင်းလို့ပေါ့ဗျာနော်။
သုံးချင်ရင်တော့ ဒီမှာ သွားဒေါင်းလိုက်ပါ...Key ပါထည့်ပေးထားပါတယ်....

Email ထားခဲ့နိုင်ပါသည်:

Delivered by FeedBurner

Chat Box


ဒီမှာချတ်နိုင်ပြီနော်