Tuesday, November 2, 2010

Gmail အကြောင်း

Gmail themes ပြောင်းချင်ရင် ကိုယ့် Gmail webpage ကိုဖွင့်ပါ။
ပြီးရင် အထက်နားက setting ထဲကို ၀င်လိုက်ပါ။
ပြီးရင် Themes ဆိုတဲ့ tab ကိုရွေးလိုက်ပါ။
အောက်နားမှာ ကိုယ်လိုချင်တဲ့ themes ကိုရွေးလိုက်ပိါု

Gmail password ပြောင်းချင်ရင် အထက်ပါနည်းတူ setting ထဲဝင်ပြီးရင် Account and import tab ထဲကိုဝင်လိုက်ပါ။ နောက် Google account setting ထဲကိုဝင်လိုက်ပါ။
နောက်ပြီး တော့အလည်နားမှာရှိတဲ့  အပေါ်ဆုံးက change password ကို click လိုက်ပါ။ နောက် အရင်က password ဖြည့်ပြီး အောက်က new password နေရာမှာတော့ ကိုယ်အသစ်ပြောင်းချင်တဲ့ password ကိုထည့်ပေးပါ။ အဲ့ဒီအောက်မှာလဲ new password နဲ့ ထပ်တူ password ကို ထည့်ပါ။
ပြီးရင် save ပေးလိုက်ပါ။
ကိုယ်စမ်းချင်ရင်တော့ sign out လုပ်ပြီးတော့ password အသစ်နဲ့ပြန်ဝင်ကြည့်လိုက်ပါ။

Gmail chat box ကိုတစ်ဘက်ပြောင်းကြည့်ရအောင်နော်။ ကျွန်တော်ကတော့ ဒီနည်းကိုတော့ နည်းနည်းကြိုက်တယ်ဗျ။ ရှင်းသွားသလိုပဲ။ လုပ်ပုံ လုပ်နည်းကတော့ အပေါ်ကနဲ့အလားတူပဲ setting ထဲဝင်ပြီးတော့ labs ဆိုတဲ့ tab ထဲကို ၀င်လိုက်ပါ။
 ဒီပုံလေးဘေးက tick ပေးတဲ့နေရာမှာ enable ပေးလိုက်ပါ။
ဒါဆိုပြီးသွားပါပြီ။ ဒါနဲ့ တစ်ခုထဲကြုံတုန်းပြောလိုက်ဦးမယ်။
အဲ့အောက်က ပဲတစ်ခုကတော့ ကိုယ်မေးလ်ပို့တယ်နော်။
သူ့ဆီမပို့ချင်လို့ ပြန်ရုပ်သိမ်းချင်ရင် ရုပ်သိမ်းလို့ရအောင်သုံးတာပါ။
အထက်ပါနည်းတူ enable ပေးလိုက်တာနဲ့ သုံးလို့ရပါပြီ။ ပုံကတော့ gif ဖိုင်မို့တင်မးရပါ။
နောက်ထပ်တော့အမျာကြီးသုံးလို့ရတာတွေ အများကြီးရှိပါသေးတယ်။
ဒါပေမဲ့ ဆက်လေ့လာကြည့်ပေါ့။ သုံးစရာတွေတွေ့လာမှာပါ။ ကျွန်တော်ကတော့ အသုံးဝင်မယ်ထင်တာလေးတွေတင်ပေးထားတာပါ။

No comments:

Email ထားခဲ့နိုင်ပါသည်:

Delivered by FeedBurner

Chat Box


ဒီမှာချတ်နိုင်ပြီနော်