Monday, November 22, 2010

Window တစ်ခုတင်ထားရင်လိုအပ်သော software များ

Window တစ်ခုတင်ထားပြီးပြီဆိုရင် ပထမဆုံးလိုအပ်တာကတော့ Anti-virus ပါ..
နောက် Firewall အတွက်တော့  ZoneAlarm ကတော့ Good ပါတယ်...ဒါပေမဲ့ကျန်တာတွေမကောင်းဘူးပြောတာမဟုတ်ဘူးနော်...
နောက် Disk defregmenter ပါ...ဒီကောင်လေးက သုံးသင့်တယ်ဗျ...
File တွေကို ပြန်စီပေးတာလေ...Disk defregmenter က ကွန်ပျူတာမှာ window တင်ကထဲက Auto ပါပါတယ်...
ဒီကောင်လေးကကျတော့ နဲနဲပိုမိုက်တာပေါ့နော်....ကျွန်တော်ကတော့ Auslogics Disk Defragmenter ပဲသုံးထားတယ်...free ရတာလေ..ဟီး...
ပြီးတော့ Adobe reader ပါ...ဒီကောင်လေးကတော့ Ebook တွေဖတ်ဖို့အတွက်လိုပါတယ်..
နောက်တော့ Microsoft Office တို့လဲလိုပါတယ်...ဒီကောင်က စာစီစာရိုက်အတွက်ပါ...
Music သမားတွေအတွက်ကတော့ Media player တွေလိုမှာပေါ့...
Media player ကတော့ Window မှာ Auto ပါတဲ့ Window Media Player ပါပါတယ်...
ဒါမှထပ်ထည့်ချင်လဲကြိုက်တာထည့်ရပါတယ်...
ပြီးတော့ Video convector လေးတွေလဲလိုမယ်ထင်တယ်...
နောက်တော့ Photo လေးတွေကြည့်ဖို့ကျတော့ Photo viewer တစ်ခုလိုလာပါတယ်..
ကျွန်တော်ကြိုက်တာကတော့ ACD See pro.ကိုတော့ ကြိုက်တယ်..
ပြီတော့ Download Manager ပါ..ဒါကတော့ အင်တာနက်ကနေ ဆွဲချင်တာလေးတွေ Download ဆွဲတာမြန်သွားအောင် သုံးတဲ့ software ပါ...
ပြီးတော့ အင်တာနက်ကို ကိုယ်စိတ်ကြိုက်သုံးဖို့အတွက် Browser လေးတစ်ခုလောက်တော့လိုမယ်ဗျ..
Window မှာပါတဲ့ Internet Explorer ကမကောင်းဘူးမဟုတ်ပါဘူး..
မမြန်ဘူးပေါ့ဗျာ..
ကျန်တာတွေတော့ အများကြီးရှိပါသေးတယ်...တစ်ချို့ Browser တွေဆို အူကြောင်ကြားဗျ..
Burmese font ရိုက်မရဘူးလေ...ဘာသွားသုံးတော့မလဲနော်...(ဥပမာ- Google chrome) တို့လို Browser တွေကိုပြောတာပါ... Mozilla ကတော့ အာမခံတယ်ဗျ...ဟဲ..နောက်တာနော်...
ဒါမှ အခြားဘာသာတွေနဲ့ ပေါ်နေရင် Google translate Tool bar ကိုသုံးပါ... English ကိုပြန်ပေးတယ်လေ...
Internet သုံးဖို့အခြားလိုတာတွေကတော့ Google talk တို့ VZO chat တို့ကတော့ သိပြီးသားတွေဖြစ်မှာပါ..
နောက် Win Rar ပါ..
Win Rar ကအင်တာနက်ကနေ Download ဆွဲရင် တစ်ချို့ကို Zip ဖိုင်အနေနဲ့သာရတယ်လေ..
ဒီကောင်လေးတွေကို ပြန်ဖြည်ပေးတာလေးပါ...
ဒီကောင်လေးတွေနဲ့ဆိုရင်တော့ တော်တော်လေးပြည့်စုံနေပါပြီ...
တစ်ချို့ software တွေကို Blog မှာဖော်ပြပြီးလို့ထပ်မတင်တော့ပါဘူးနော်...
အောက်မှာမတင်ရသေးတဲ့ software Link လေးတွေနဲ့ဖော်ပြထားပါတယ်..
သွားဒေါင်းလိုက်ကြပါဦးနော်...
{Zone Alarm}
{Disk defregmenter}
{Win Rar}
{Photo Viewer}
{Browser-Mozilla firefox}
{Google translate tool bar}

No comments:

Email ထားခဲ့နိုင်ပါသည်:

Delivered by FeedBurner

Chat Box


ဒီမှာချတ်နိုင်ပြီနော်